ဈေးကွက်ဈေးနှုန်း

MSMEs CONNECT 2019 (MAGWAY) ကုန်စည်ပြပွဲမှသည် နိုင်ငံတကာစျေးကွက်ဆီသို့

Last Updated:

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် MSMEs CONNECT 2019 (MAGWAY) ကုန်စည်ပြပွဲနှင့် စာပေဟောပြောပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး MSMES Agency နှင့် စက်မှုဇုံဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ (၂၀) ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါကုန်စည်ပြပွဲသို့ တိုင်းဒေသကြီး/ပြည်နယ်များ မှ စိတ်ပါဝင်စားသူလုပ်ငန်းရှင်များ လာရောက်ပြသရာ ဆိုင်ခန်းပေါင်း (၉၀) ကျော်ပါဝင်ပြသခဲ့ကြောင်း သိရှိရပါသည်။

       ယခုနှစ်အနေဖြင့် မကွေးတိုင်းဒေသကြီးသည် ၁၆ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည် ပြပွဲတွင် စီးပွားရေးလုပ်ငန်းများ လုပ်သာကိုင်သာအခွင့်အလမ်းရှိသော နှစ်လိုဖွယ်ရာ မြို့တော်အဖြစ် ရွေးချယ်ပြသမည်ဖြစ်၍ လာရောက်ပြသသော လုပ်ငန်းရှင်များအနက်  လျှော်ဖြူလုပ်ငန်း၊ အဝတ် အထည်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ တိုင်းရင်းဆေးဝါးလုပ်ငန်းများအား တရုတ်နိုင်ငံ၊ နန်နန်းမြို့တွင် သွားရောက်ပြသသွားမည်ဖြစ်ရာ ဒေသထွက်ကုန်မှသည် နိုင်ငံတကာစျေးကွက်ဆီသို့ ဦးတည်ထိုးဖောက်နိုင်တော့မည် ဖြစ်ကြောင်းသိရှိရပါသည်။

လှမိုးခိုင်(ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)